ဟိုမိန်း ဇွန် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ ဟိုမိန်းမြို့အုပ်ချုပ်ရေးမှူး ဦးသူရအောင်သည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် ၉ နာရီက မြို့မြေလွှဲမိန့်လျှောက်ထားသည့် မြေကွက်မြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြေလွှဲမိန့်လျှောက်ထားသော ဟိုမိန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဌာနပိုင်မြေအဖြစ် မြေလွှဲလျှောက်ထားချက်များနှင့်စပ်လျဥ်းသည့် ဟိုမိန်းမြို့၊ အမှတ် ၁ ရပ်ကွက်၊ ကွင်းအမှတ်နှင့်အမည် ဦးပိုင်အမှတ်၊ အကျယ်အဝန်း ဧရိယာဧကများ၊ မြေကွက်အလား(၄)ရပ် မှန်ကန်မှု ရှိ/မရှိ၊ မြေကြီးမြေပုံကိုက်ညီမှု ရှိ/မရှိ နှင့် စည်ပင်သာယာပိုင် လမ်းနယ်နိမိတ်တို့အပေါ် ကျူးကျော်ခြံခတ်ထားခြင်း ရှိ/မရှိတို့အား ဟိုမိန်းမြို့ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးနေအောင်၊ မြို့စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံ ဦးစိုင်းခိုင်ခမ်း၊ အမှတ်(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခွန်စစ်ဆမ်နှင့် မြေလွှဲလျှောက်ထားသည့် သက်ဆိုင်ရာဌာနမှ တာဝန်ခံ ဦးနိုင်လင်းတို့ဖြင့် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)