ခိုလမ်မြို့တွင် လျှပ်စစ်ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်း စစ်ဆေးခြင်းများဆောင်ရွက်

ခိုလမ် ဇွန် ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ လျှပ်စစ်အင်ဂျင်နီယာရုံးမှ ပြည်သူများ လျှပ်စစ်မီတာ သုံးစွဲရာတွင် အဆင်ပြေစေရန်နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် လျှပ်စစ်ဓာတ်အားလိုင်းများ ပြုပြင်ထိန်းသိမ်းစစ်ဆေးခြင်း လုပ်ငန်းများကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ခိုလမ်မြို့ ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေဓာတ်အားခွဲရုံတွင် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဦးသက်ဆွေဝင်း (လက်ထောက်အင်ဂျင်နီယာ) ဦးဆောင်သောအဖွဲ့နှင့် ခိုလမ်မြို့ ယာယီဓာတ်အားခွဲရုံမှူး ဦးအောင်ဆန်းနှင့် ဝန်ထမ်းများမှ စဉ်ဆက်မပြတ် လျှပ်စစ်ဓာတ်အားပေးရာတွင် အဆင်ပြေချောမွေ့နိုင်စေရေးအတွက် ၁၁ ကေဗွီ Control Panel နှင့် Switch Yard အတွင်းလိုအပ်သော စစ်ဆေးမှုများအား ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခိုလမ်(ပြန်/ဆက်)