မိုးနဲမြို့နယ်၌ တရားမဝင်ကုန်စည်စီးဆင်းမှုမရှိစေရေး၊လိုင်စင်မဲ့‌ မော်တော်ယာဥ်နှင့် မော်တော်ဆိုင်ကယ်များ ရောင်းဝယ်မှုမရှိစေရေး ကြီးကြပ်စစ်‌ဆေးဆောင်ရွက်

မိုးနဲ   ‌ဇွန်   ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် တရားမဝင်ကုန်သွယ်မှုတားဆီး‌ ရေးအဖွဲ့မှ ဦးဆောင်ပြီး  တရားမဝင်ကုန်သွယ်မှုနှင့် တရားမဝင်ကုန်စည်စီးဆင်းမှုမရှိစေရေး ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့ဝင်/ထွက်စစ်ဆေးရေး ဂိတ်နေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် တရားမဝင်ကုန်သွယ်မှုတားဆီး‌ရေးအဖွဲ့မှ စစ်ဆေးရေးအဖွဲ့ဝင်များက မြို့ဝင်/ထွက်ဂိတ်သို့ ဖြတ်သန်းသွားလာလျက်ရှိသော ကုန်တင်မော်တော်ယာဉ်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ တရားမဝင်သတ်မှတ်ကုန်စည်များ တင်ဆောင်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ မော်တော်ယာဉ်များအား လိုင်စင်၊ ယာဉ်မောင်းလိုင်စင်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များ ပြည့်စုံမှု ရှိ/ မရှိစစ်ဆေးခြင်း၊ လိုင်စင်မဲ့မော်တော်ယာဥ်များ ဖြတ်သန်း သွားလာပါက ဖမ်းဆီးအရေးယူဆောင်ရွက်နိုင်ရေးအတွက် ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်နှင့် မော်တော်ဆိုင်ကယ်တို့အား စစ်ဆေးဆောင်ရွက်ခဲ့ကြပြီး မြို့တွင်း ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်များသို့ လိုင်စင်မဲ့ဆိုင်ကယ်များ ရောင်းချခြင်းရှိ/မရှိနှင့် လိုင်စင်သက်တန်းလွန် ဆိုင်ကယ်များ ရှိ/မရှိတို့ကို ရှောင်တခင်စစ်ဆေး၍ သတ်မှတ် စည်းကမ်းများနှင့်အညီ ရောင်းချရေး၊ ဆိုင်ကယ်ဝယ်ယူသူတိုင်းအား ဆိုင်ကယ်စီးဦးထုပ်များ တစ်ပါတည်းရောင်းချပေးရေးတို့ကို ဆွေးနွေးမှာကြားခဲ့ကြကြောင်း တရားမဝင်ကုန်သွယ်မှု တားဆီးရေးအဖွဲ့ထံမှ သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)