တန့်ယန်း ဇွန် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏ သား၊သမီးများအား ပညာသင်ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး မိသားစုစည်းရုံးရေးကော်မတီဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဦးက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဝန်ထမ်း၏ သား၊သမီးများအား ပညာသင်ထောက်ပံ့ပစ္စည်းများ ပေးအပ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားကာ မိသားစုစည်းရုံးရေးကော်မတီမှ တာဝန်ရှိသူများနှင့်အတူ အထက်တန်းဆင့် ၄ ဦး၊ အလယ်တန်း အဆင့် ၉ ဦး၊ မူလတန်းအဆင့် ၂၉ ဦး စုစုပေါင်း ၄၂ ဦးကို ပညာသင်ထောက်ပံ့ပစ္စည်းများအား တစ်ဦးချင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)