မတူပီမြို့ရှိ QUARANTINE CENTER များသို့ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေး

မတူပီ            ဒီဇင်ဘာ        ၁၂

ချင်းပြည်နယ်၊ မတူပီမြို့ရှိ QUARANTINE CENTER များသို့ တာဝန်ရှိသူများက ယမန်နေ့ ညနေ ၄ နာရီခွဲက မတူပီမြို့ မြို့နယ်အဆင့်ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဆောင်ကာ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်အဆင့်ကိုဗစ်-၁၉ရောဂါ၊ ကာကွယ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်က ယခုကဲ့သို့ QUARANTINE ဝင်နေစဉ်အတွင်း ကျန်းမာရေးနှင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ၊ ကာကွယ် ထိန်းချုပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်များကို လိုက်နာကြပေးရန်၊ QUARANTINE ဝင်နေစဉ် အခက်အခဲတစ်စုံတစ်ရာရှိပါက အကြောင်းကြားပေးရန်၊ မိမိတို့တို့ကျန်းမာရေးဂရုစိုက်ကြရန် ၊ နေရပ် ပြန်လာသူများ အနေဖြင့်လည်း FACILITY QUARANTINE ကြည်ဖြူစွာ ဝင်ရောက်ပေးမှုအပေါ် ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြားသည်။

အဆိုပါလုပ်ငန်းဆောင်ရွက်ရာသို့ မြို့နယ်အဆင့်ကိုဗစ်-၁၉ရောဂါ၊ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ သစ်လွင်သိမ်း၊ မြို့နယ်လဝက ဦးစီးမှူး ဦးမောင်မောင်၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင် များနှင့် မြို့မိ/မြို့ဖတို့ပူး ပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)