ကော့မှူးတွင် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးကျင်းပ

ကော့မှူး ဇွန် ၆

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇွန် ၃ ရက်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းက ဌာနဆိုင်ရာများအနေဖြင့် မိမိတို့၏ ဌာနပိုင်မြေပေါ်တွင် ပုဂ္ဂလိကကျူးကျော်များ ရှိ/ မရှိ စိစစ်တင်ပြရန်၊ ဌာနဆိုင်ရာများအနေဖြင့် ​နယ်မြေကျော်ခရီးသွားလာခြင်းနှင့် အခြားရေးကြီးကိစ္စများရှိပါက စာဖြင့် တရားဝင်တင်ပြကြရန်၊ ဌာနဆိုင်ရာများအနေဖြင့် အုပ်ချုပ်ရေး၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းများကို ဟန်ချက်ညီညီဖြင့် ပူးပေါင်းဆောင်ရွက်ရန်၊ မြို့နယ်အတွင်း ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများ ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းများအား ဆက်သွယ်ရေး၊ လျှပ်စစ်၊ စည်ပင်ဌာနများဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်၊ မိုးစပါးလျာထားဧကပြည့်မီစွာ စိုက်ပျိုးနိုင်ရေးစိုက်ပျိုးကြီးကြပ်မှုအဖွဲ့များမှ ကြပ်မတ်ဆောင်ရွက်သွားရန်၊ ကော့မှူးမြို့နယ်အတွင်း (၃) မိုင်ပတ်လည် မြို့ပြဧရိယာများ၌ စိမ်းလန်းစိုပြည်သည့် (Green Zone) ဖော်ဆောင်နိုင်ရေးအတွက် မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်း၍ မန်ဂျန်ရှားပျိုးပင်များ စိုက်ပျိုးသွားရန်နှင့် ဌာနဆိုင်ရာများမှလည်း မိမိဌာနအလိုက်မြေလွတ်၊ မြေလပ်နှင့် လမ်းဘေးဝဲ/ယာများတွင် တစ်အုပ်တစ်မသစ်ပင်စိုက်ပျိုးသွားကြရန်၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်သည့် ဌာနများအနေဖြင့် မိမိဌာန၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ တိုးတက်မှုအခြေအနေများအား တင်ပြ‌ပေးကြရန်၊ ထူးခြားဖြစ်စဥ်များရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြကြရန် ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာများမှလည်း မိမိတို့ဌာန၏ လုပ်ငန်းစဉ်များအား ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါအစည်း‌အဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် အဖွဲ့ဝင်များ ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်(၇)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်သူရ