မြောက်ဥက္ကလာပ ဇွန် ၅
ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်းခရိုင်၊မြောက်ဥက္ကလာပမြို့နယ်တွင် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်နေ့နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်း စာသင် ကျောင်းအသီးသီး၌ စတင်ဖွင့်လှစ်ရာကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူလျက် ရှိကြောင်းသိရသည်။
မြောက်ဥက္ကလာမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အခြေခံပညာကျောင်းများဖွင့်လှစ်ရာတွင် မူလတန်း၊အလယ်တန်း၊အထက်တန်းကျောင်းပေါင်း(၆၃) ကျောင်း၊ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁၀)ကျောင်း၊ကိုယ်ပိုင်ကျောင်း(၁၉)ကျောင်း စုစုပေါင်းကျောင်းပေါင်း(၉၂)ကျောင်းရှိပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တစ်မြို့နယ်လုံးစာရင်းရှိ ကျောင်းသား၊ကျောင်းသူ ၅၀၆၁၁ ဦးရှိရာ၊မေလ ၂၂ ရက်မှစ၍ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံပြီးသည့် ကျောင်းသား၊ကျောင်းသူ ၄၅၈၇၃ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။
အဆိုပါ ကျောင်းအပ်ရာတွင်လည်း ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပြဌာန်းစာအုပ်၊ဗလာစာအုပ်၊ခဲတံ၊ဘောပင်၊ကျောင်းဝတ်စုံများ ကို နိုင်ငံတော်မှ အခမဲ့ ထောက်ပံ့ပေးကြောင်းသိရသည်။
သက်လွင်စိုး