ညောင်ရွှေ ဇွန် ၅
ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း(တောင်ကြီး)မှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းပါ ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းဖြင့် လက်ရက်ကန်းတီထွင်ဆန်းသစ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက ညောင်ရွှေမြို့နယ် အင်းလေးဒေသ တောင်ပို့နီကျေးရွာတွင် ကျင်းပကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ညောင်ရွှေမြို့နယ်၊ နန်းပန်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သူနှင့် ရက်ကန်းနှင့်အသက်မွေး ပညာသင်တန်းကျောင်း(တောင်ကြီး) ကျောင်းအုပ်ကြီး ဒေါ်ဝင်းဝင်းမာတို့က လုပ်ငန်းသုံး သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ရာ သင်တန်းသူ(၂)ဦးက လက်ခံရယူခဲ့သည်။
အဆိုပါ လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှုနည်းပညာသင်တန်းကို ဇွန် ၅ ရက်မှ ဇူလိုင် ၄ ရက်ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းအယ်ဘဲ