လှိုင်းဘွဲမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပ

လှိုင်းဘွဲ ဇွန် ၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီအချိန်က လှိုင်းဘွဲမြို့နယ်၊  ပိုင်ကျုံမြို့၊ အမှတ် (၁) ရပ်ကွက်၊ မိုးနိုင်းကျေးရွာအုပ်စု၊ နိုထို့ဂေကျေးရွာ အမှတ် (၁) အခြေခံပညာမူလတန်းကျောင်းဝင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် လှိုင်းဘွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ကမ္ဘာ့နိုင်ငံများက ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သစ်တောသစ်ပင်များပြုစုထိန်းသိမ်းခြင်းနှင့်ထပ်မံစိုက်ပျိုးခြင်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်ကြရမည်ဖြစ်ပြီး မြို့နယ်သစ်တောဦးစီးဌာနမှ အပင်များ ပျိုးထောင်ပြီး အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်းနှင့်ပြည်သူများက သစ်တော၊ သစ်ပင်များ ဖြုန်းတီးမှု မရှိစေရန်၊ ထိန်းသိမ်းရှောက်ကြရန် လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အမှတ် (၁) အခြေခံပညာမူလတန်းကျောင်းအုပ်ဆရာကြီးထံ အမှတ်တရသစ်ပင်များ ပေးအပ်ခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်‌ရောက်လာ‌ကြသော လှိုင်းဘွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လှိုင်းဘွဲမြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပိုင်ကျုံမြို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများက မဟော်ဂနီ (၂၀၀) ပင်၊ ကျွန်းပင်(၂၀၀)ပင်၊ စိန်ပန်းနီပင် (၂၀၀) ပင်နှင့် မန်ဂျန်ရှားပင်(၂၅၀)ပင် စုစုပေါင်း (၈၅၀) ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)