ပင်လောင်း ဇွန် ၅
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ဘက်စုံသုံးခန်းမ၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာလာသည့် ပြည်သူများအား ထောက်ပံ့ငွေများ ထောက်ပံ့ပေးလျက်ရှိရာ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ထောက်ပံ့ငွေများ လာရောက်ထုတ်ယူရန် ကျန်ရှိသည့် ပြည်သူများကို ထောက်ပံ့ငွေများ ဆက်လက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ငွေများပေးအပ်ရာတွင် နေရပ်စွန့်ခွာပြည်သူများသည် သက်ဆိုင်ရာ ရပ်ကွက်များအတွင်း လာရောက်နေထိုင်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများထံ အိမ်ထောင်စုလူဦးရေ စာရင်းပေးသွင်းထားသူများကိုသာ ထောက်ပံ့ငွေများ ထုတ်ပေးလျက်ရှိပြီး၊ ယခုလတွင် နေရပ်စွန့်ခွာပြည်သူ(၁၅၀၄၆)ဦးအား တစ်ဦးလျှင် တစ်လငွေကျပ် နှစ်သောင်းနှုန်းဖြင့် နှစ်လစာငွေကျပ်လေးသောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)