ကလောမြို့နယ်၌ ယာယီနေရပ်စွန့်ခွာနေရသည့် ဌာနဆိုင်ရာဝန်ထမ်းများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ငွေများ ပေးအပ်

ကလော ဇွန် ၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ က‌လောမြို့နယ်အတွင်းသို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ဌာနဆိုင်ရာဝန်ထမ်းများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု‌ကော်မတီမှ ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက ကလောမြို့ အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကလောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းက ကလောမြို့နယ်အတွင်းသို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုဝင်များအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယာယီနေရပ်စွန့်ခွာနေရသည့် တပ်ရင်း၊ တပ်ဖွဲ့မိသားစုများနှင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုဝင်များအား တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် (၂)လစာငွေကျပ် (၄၀၀၀ဝိ/)ကျပ်ကို လူဦးရေ (၁၁၉၅)ဦးအတွက် ငွေကျပ် (၄၇၈၀၀၀၀၀)ထောက်ပံ့ငွေများအသီးသီး ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)