ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းမိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်​ရေးအဖွဲ့တို့ ပူးပေါင်း၍ သက်ကြီးပုဂ္ဂိုလ်များ သွားကျန်းမာရေးစစ်ဆေးကုသပေး

ဗိုလ်တထောင် ဇွန်

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းမိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်​ရေးအဖွဲ့တို့ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံမြို့သစ်ခရိုင်၊ အလုံခရိုင်၊ တိုက်ကြီးခရိုင်၊ သင်္ဃန်းကျွန်းခရိုင်နှင့် ဗိုလ်တထောင်ခရိုင်၊ ၎င်း ၅ ခရိုင်အတွင်းရှိ သက်ကြီးပုဂ္ဂိုလ်များအား ကျန်းမာရေးစစ်ဆေးခြင်း၊ အံကပ်ပြုလုပ်ခြင်းများကို ယမန်နေ့ နံနက် (၉) နာရီအချိန်တွင် ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ ၇/အ​​ရှေ့ရပ်ကွက်၊ အတွင်းရှုခင်းသာလမ်းမပေါ်ရှိ သွားနှင့်ခံတွင်း အထူးကုဆေးရုံတွင် သက်ကြီးပုဂ္ဂိုလ်များအား သွားကျန်းမာရေးစစ်​ဆေးကုသပေးကြောင်း သိရှိရသည်။ 

ထိုသို့ သက်ကြီးပုဂ္ဂိုလ်များအား သွားကျန်းမာရေးစစ်ဆေးကုသမှုပြုလုပ်ပေးရာတွင် ရန်ကုန်တိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ အတွင်း‌ရေးမှူး Dr.ယဉ်ငြိမ်းထွဋ်နှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူးဒေါ်အေးမာဦး၊ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်နှင့် အဖွဲ့ဝင်များ၊ သာကေတမြို့နယ် အထူးကုဆေးရုံအုပ်ကြီး သွားနှင့် ခံတွင်းပါမောက္ခ Drမိုးသီတာထွေး၊ ဗိုလ်တထောင်ခရိုင်၊ သင်္ဃန်းကျွန်းခရိုင်၊ ဒဂုံမြို့သစ်ခရိုင်၊ အလုံခရိုင်၊ တိုက်ကြီးခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ သာကေတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကျန်းမာရေးစစ်ဆေးခြင်း၊ အံကပ်ပြုလုပ်ခြင်း ဆောင်ရွက်နေသည်များကို လိုက်လံကြည့်ရှုခဲ့ပြီး လာရောက်ကုသသည့်ပုဂ္ဂိုလ်များအား မုန့်နှင့် ရေသန့်များဝေငှခဲ့ပြီး လိုအပ်သည်များ ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

ငါးခရိုင်အတွင်းမှ အံကပ်ပြုလုပ်ရန်စာရင်းပေးထားသည့် (၃၂) ဦးအနက် (၂၅)ဦး လာရောက်ကုသရာ (ဒဂုံမြို့သစ်ခရိုင်မှ ၈ ဦး၊ အလုံံခရိုင်မှ ၂ ဦး၊ တိုက်ကြီးခရိုင်မှ ၂ ဦး၊ သင်္ဃန်းကျွန်းခရိုင်မှ ၆ ဦး၊ ဗိုလ်တထောင်ခရိုင်မှ ၇ ဦး) ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူထံမှ သိရှိရပါသည်။

ခင်ဝင်း (ပြန်/ဆက်)