မင်္ဂလာတောင်ညွန့် ဇွန် ၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို မေလ ၃၀ ရက်နေ့ နံနက်ပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ်၊ စည်ပင်ဝင်းအတွင်း သင်တန်းခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးမှူး ဦးအောင်လွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မင်္ဂလာတောင်ညွန့်မြို့နယ် ဦးစီးမှူး ဦးမောင်မောင်မှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးမှုလုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။
ယင်းနောက် ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ခရိုင်စီမံအုပ်ချူပ်ရေးအဖွဲဥက္ကဋ္ဌ ဦးအောင်လွင်နှင့်အဖွဲ့ဝင်များမှလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်တင်မိုးမိုးအေးနှင့် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲဥက္ကဋ္ဌ ဦးမြသိန်းထွန်းနှင့် အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ အသီးသီးပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။
မြတ်မြတ်အေး