တန့်ယန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲ ပထမနေ့စတင်ဖြေဆို

တန့်ယန်း ဇွန် ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၅-ခုနှစ် အစိုးရ ပါဠိပထမပြန် စာမေးပွဲပထမနေ့အား ပါဠိပထမပြန်စာမေးပွဲ ကျင်းပရေးဦးစီးကော်မတီမှ ကြီးကြပ်၍ ယနေ့နေ့လယ် ၁၂ နာရီမှ စတင်ကာ ညနေ ၃ နာရီထိ မဟာမြတ်မုနိဘုရားကြီးအတွင်း၌ ကျင်းပဖြေဆိုသည်။

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမနေ့တွင် ဝိနည်းကျင့်ဝတ်၊ သုကုမာရမဂ္ဂဒီပနီ၊ ဘိက္ခုပါတိ မောက်ဘာသာ၊ ဓမ္မပဒဒွေမာတိကာဘာသာ ဓမ္မပဒတို့အား မြို့နယ်ရှိကျောင်းတိုက်အသီးသီးတို့မှ အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းများမှ ရဟန်း(၇)ပါး၊ သာမဏေ(၁၈)ပါး၊ သီလရှင်(၃၉)ပါး စုစုပေါင်း(၆၄)ပါးတို့ ဝင်ရောက်ဖြေဆိုကြရာ အစိုးရပါဠိပထမပြန် စာမေးပွဲကျင်းပရေးဦးစီးကော်မတီမှ ဆရာတော်ကြီးများ၊ မြို့နယ်သာသနာရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းထွန်းဦးနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ဆောင်ရွက်ပေးကြကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)