မိုင်းနောင် ဇွန် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် စီးပွားရေးလုပ်ငန်းရှင်များက မိမိတို့ဌာန၊ မြို့ရွာများအတွင်း သန့်ရှင်းသာယာလှပရေး၊ ယာဥ်အန္တရာယ်ကင်းရှင်းရေး၊ ပညာရေးနှင့် ဒေသဖွံ့ဖြိုးရေးကဏ္ဍ လိုအပ်ချက်များကိုတင်ပြကာ သက်ဆိုင်ရာဌာနများက ပြန်လည်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါဆောင်ရွက်မှုတွင်မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းနှင့် ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကိစ္စများ ပါဝင်ဆွေးနွေးအကြံပြုပေးခဲ့ကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)