လှည်းကူး ဇွန် ၃
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် ယမန်နေ့နံနက်မှစတင်ကာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ကျောင်းတက်ရောက်လျက်ရှိကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများကို ဆရာ၊ ဆရာမများ ပညာသင်ကြားရာတွင် ယဥ်ကျေးလိမ္မာသော ကျောင်းသား၊ ကျောင်းသူများ ဖြစ်ပေါ်လာစေရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းနေပျော်၍ စာတော်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံအောင် သင်ကြားပေးနေကြောင်း သိရသည်။
လှည်းကူးမြို့နယ်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းပေါင်း (၁၈၇)ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း (၂၁)ကျောင်း၊ကိုယ်ပိုင်ကျောင်း (၆)ကျောင်း၊ စုစုပေါင်း (၂၁၄)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ (၄၉၂၀၄)ဦး တက်ရောက်ပညာသင်ကြားနေကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အေးအေးနွဲ့ (လှည်းကူး)