နမ့်စန်(တ) ဇွန် ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ နမ့်စန်ကျေးရွာအုပ်စုတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များအတွက် မြို့နယ်မှတာဝန်ရှိသူများနှင့် ဒေသခံရပ်မိရပ်ဖတောင်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက နမ့်စန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးရုံးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များက ဒေသဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ မျိုးကောင်း၊ မျိုးသန့်များစိုက်ပျိုးရေး၊ မျိုးစေ့ထုတ်စံပြစိုက်ခင်းများ စိုက်ပျိုးရေး၊ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်ကြစေရေး၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး၊ လယ်ယာမြေများ စနစ်တကျစိုက်ပျိုးလုပ်ကိုင်ရေး၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ထုတ်ပေးနိုင်ရေး စသည့်တို့ကို ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော နမ့်စန်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုင်းထွန်းအေးနှင့် ရပ်မိရပ်ဖတောင်သူများက သိရှိလိုသည်များနှင့် လိုအပ်ချက်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သူရအောင်(နမ့်စန်)