ပင်လုံမြို့၌  (၅၈)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို

ပင်လုံ ဇွန် ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် ကျင်းပပြုလုပ်သည့် (၅၈)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့ နေ့လယ် ၁၂ နာရီက မဟာရဌာဘိသာမဂ္ဂီစေတီတော် သာသနာ့ရက္ခိတဗိမ္မာန်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစိုးရပါဠိပထမပြန်စာမေးပွဲသို့ ပင်လုံမြို့ စာစစ်ဌာနမှ  ဖြေဆိုရန် သံဃာတော်အရှင်သူမြတ်ပထမကြီးတန်း (၂)ပါး၊ ပထမလတ်တန်း (၁၁)ပါး၊ ပထမငယ်တန်း (၇၀)ပါး၊ အခြေပြုမူလတန်း (၁၅၆)ပါး၊ စုစုပေါင်း (၂၃၉)ပါးရှိပြီး ဝင်ရောက်ဖြေဆိုသည့် သံဃာတော်အရှင်သူမြတ်ပထမကြီးတန်း (၂)ပါး၊ ပထမလတ်တန်း (၁၀)ပါး၊ ပထမငယ်တန်း (၅၉)ပါး၊ အခြေပြုမူလတန်း(၁၂၄)ပါး၊ စုစုပေါင်း  (၁၉၅)ပါးရှိကြောင်း သိရပါသည်။

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆိုနေစဥ်တွင် စာစစ်ဌာနကြီးကြပ်ရေးဆရာတော်များ၊ စာပြန်ပွဲတော်ကျင်းပရေးကော်မတီများ၊ ဌာနဆိုင်ရာများက ကူညီပေးလျက်ရှိပြီး ပင်လုံမြို့ ပြည်သူ့ကျန်းမာရေးဌာနနှင့် တိုင်းရင်းဆေးကုဌာနတို့မှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)