ကျောက်တံခါးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းများ စတင်ဖွင့်လှစ်

ကျောက်တံခါး ဇွန် ၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယမန်နေ့နံနက်ပိုင်းတွင် စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ စာသင်ကြားနိုင်စေရေးအတွက် နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေပေးသော ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံတို့အား ကျောင်းအပ်နှံချိန်တွင် တစ်ပါတည်း ထုတ်ပေးထားပြီးဖြစ်ကြောင်း၊ ကျောက်တံခါးမြို့နယ်တွင်  ဇွန်လ(၁)ရက်နေ့ထိ ကျောင်းအပ်နှံပြီးသည့် ကျောင်းသား၊ ကျောင်းသူပေါင်း(၄၈၇၃၀)ဦးရှိကြောင်းနှင့် ဇွန်လ(၂)ရက်နေ့တွင် ကျောင်းတက်သူဦးရေ(၄၈၅၃)ဦးရှိပြီး ကျောင်းတက်ရာခိုင်နှုန်းမှာ (၉၉.၆၁%)ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)