လွိုင်လင် ဇွန် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၊ မင်္ဂလာအနောက်ကျောင်းတိုက်၌ (၂၀)အကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့ မွန်းတည့် (၁၂) နာရီအချိန်က အဆိုပါကျောင်းတိုက်တွင် စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။
(၂၀) ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲ၌ ကြီးကြပ်ဆရာတော်များ၊ စာဖြေသံဃာများကို ဆွမ်းအလှူရှင်များ က နေ့ဆွမ်းဆက်ကပ်ကြသည်။ ထို့နောက် မွန်းတည့် (၁၂) နာရီတွင် စာမေးပွဲ ပထမနေ့ကို စတင်ဖြေဆိုကြရာ ပထမကြီးတန်းတွင်(၁)ပါး၊ ပထမငယ်တန်းတွင်(၁၃)ပါး၊ အခြေပြုမူလတန်းတွင် (၄၂) ပါး၊ စုစုပေါင်း (၅၆) ပါး ဖြေဆိုကြကြောင်း သိရသည်။
လွိုင်လင်မိုး