မိုင်းဆတ် ဇွန် ၄
၂၀၂၅ ခုနှစ်၊ ဇွန်လ(၅)နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူး၍ ဇွန် ၂ ရက်နေ့နေ့လယ် ၂ နာရီက မိုင်းဆတ်မြို့ အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတွင် "ကမ္ဘာတဝန်း ပလပ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး၊ စုပေါင်းအားဖြင့် ဆောင်ရွက်ပေး" "Ending Plastic Pollution Globally "ခေါင်းစဉ်ဖြင့် အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား/သူ ကျား(၈)ဦးနှင့် မ(၁၈)ဦး စုစုပေါင်း(၂၆)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးမှူး၊ ဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ထက်ထက်(မိုင်းဆတ်)