ပျဉ်းမနား ဇွန် ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ ကျန်းမာရေးဦးစီးဌာနမှ အဘိတ်(Abate) ဆေးခပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း၌ ဘောဂဝတီရပ်ကွက်အတွင်း ဆက်လက်ဆောင်ရွက်ခဲ့သည်။
ထိုသို့ အဘိတ်(Abate)ဆေးများခတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်းရှိ နေအိမ်များရှိ သုံးရေကန်များ၊ စဉ့်အိုးများနှင့် ရေထည့်သုံးသည့်အိုးခွက်များ၊ ဘုရားညောင်ရေအိုးများ၊ အိမ်ပတ်ဝန်းကျင်ရှိ ရေတင်၊ ရေကျန်နိုင်သော အိုးခွက်များ၊ တာယာများ၊ အုန်းမှုတ်ခွက်များစသည့် ရေတင်နိုင်သည့်အရာများအား မှောက်ခြင်း၊ သွန်ခြင်း၊ အိမ်သာများရှိ ရေအိုးများအား လိုက်လံစစ်ဆေးခဲ့ကြပြီး လိုအပ်ပါက သွန်ခိုင်းခြင်း၊ ဆေးခပ်ခြင်းတို့ ပြုလုပ်ခဲ့သည်။
ထို့အပြင် ခြင်၊ ယင်ပေါက်ပွားခြင်းမှ ကာကွယ်နိုင်၍ သွေးလွန်တုပ်ကွေးအန္တရာယ်မှ ကင်းဝေးစေရန် အိမ်ပေါ်၊ အိမ်အောက်သန့်ရှင်းရေးများ နေ့စဉ်လုပ်ဆောင်ရန်၊ အိမ်ပတ်ဝန်းကျင်ရှိ ခြုံ၊ နွယ်များအား ရှင်းလင်းဖယ်ရှားရန် စသည်ဖြင့်ခြင်ကြောင့်ဖြစ်သော ရောဂါများအန္တရာယ်မှ လည်းကင်းဝေးစေရန် အိမ်ရှင်များအား မှာကြားခဲ့ကြကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)