ပင်လောင်းမြို့၌ မွေးစမှ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ပင်လောင်း ဇွန် ၃

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာန ကျန်းမာရေးဝန်ထမ်းများမှ ယနေ့နံနက်ပိုင်းက ရင်းမှီးရပ်ကွက်အတွင်းရှိ မွေးစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များနှင့်ကိုယ်ဝန်​ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးရာတွင် အသက်(၂)နှစ်အောက်ကလေးငယ်များအား ဘီစီဂျီ၊ ပြင်းထန် ဝမ်းပျက် ဝမ်းလျှော (ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ် ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်- ဂျိုက်သိုး စသည့်ကာကွယ်ဆေး (၈)မျိုးကို တိုက်ကျွေး၊ ထိုးနှံပေးခြင်း၊ ကလေးကိုယ်အလေးချိန် တိုင်းတာပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထို့နောက် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာန ကျန်းမာရေးဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာ ရင်းမှီးရပ်ကွက်ရှိ နေအိမ်များမှ သောက်သုံးရေ ရေလှောင်ကန်များအတွင်း ခြင်များ၊ ပိုးလောက်လမ်းများ မပေါက်ပွားနိုင်ရန် Abate (အဘိတ်)ဆေးများ ခတ်ထည့်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်