ပုလောမြို့နယ်၌ အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်၍ ကျောင်းသား/သူများ ပညာသင်ယူလျက်ရှိ

ပုလော ဇွန် ၃

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ၂၀၂၅-၂၀၂၆  ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယနေ့ ဇွန်လ ၂ ရက်နေ့မှ စတင်ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြင့် ပညာသင်ယူလျက်ရှိကြောင်းသိရသည်။

ပုလောမြို့နယ်တွင် ၂၀၂၅-၂၀၂၆  ပညာသင်နှစ်တွင် အခြေခံပညာမူလတန်းကျောင်း (၃၃) ကျောင်း၊ အလယ်တန်းကျောင်း (၁၇) ကျောင်း၊ အထက်တန်းကျောင်း (၈) ကျောင်း စုစုပေါင်း (၅၈) ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး၊ ကျောင်းအပ်နှံရေးလုပ်ငန်းများကို မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြင့် သတ်မှတ်လက်ခံ ဆောင်ရွက်ပေး ခဲ့ကြောင်းနှင့် ယနေ့ ဇွန်လ ၂ ရက်နေ့အထိ ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား/ ကျောင်းသူ ၁၄၁၃၁ ဦး ရှိကြောင်း သိရသည်။

အေးအေးမော် (ပုလော)