ညောင်ဦးမြို့နယ်၌ အသေးစားထုတ်ကုန်များဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ညောင်ဦး ဇွန် ၃

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော အသေးစားထုတ်ကုန်များဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အနော်ရထာခန်းမ၌ ဇွန်လ ၂ ရက် နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ကျေးလက်နေမိသားစုဝင်ငွေတိုးစီမံကိန်း အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့် ပွဲအခမ်းအနားတွင် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုက အဖွင့်အမှာစကားပြောကြားပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သီတာထွန်းက အသေးစားထုတ်ကုန်များဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သီတာထွန်း၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်တို့က စီမံကိန်းလုပ်ငန်း၊ သင်တန်းသုံးသင်ထောက်ကူပစ္စည်းများ၊ သင်တန်းသုံးကုန်ကြမ်းပစ္စည်းများအား လွှဲပြောင်းပေးအပ်ရာ သင်တန်းခေါင်းဆောင်နှင့် သင်တန်းသား/သူများက လက်ခံရယူကြကာ တက်ရောက်လာသည့် တာဝန်ရှိသူများနှင့် သင်တန်းသူသင်တန်းသားများ အမှတ် တရဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။ ထို့နောက် စက်ချုပ်နည်းပညာသင်တန်းသုံးပစ္စည်းများအား ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်တာဝန်ရှိသူများက ကြည့်ရှုရာ ခရိုင်ဦးစီးမှူး ဒေါ်သီတာထွန်းက ရှင်းလင်းပြသပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း