ချမ်းအေးသာစံ ဇွန် ၁
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုဝင် သား၊သမီးများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ချီးမြှင့်သည့် ပညာသင်ထောက်ပံ့ကြေး နှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို မေလ(၃၁)ရက်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး ကုန်တင်ကုန်ချကော်မတီရုံးတို့မှ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် သားသမီးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နှစ်စဉ်နှစ်တိုင်းပညာသင်ထောက်ပံ့ကြေးငွေများကို ချီးမြှင့်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် တာဝန်များကိုကျေပွန် စွာထမ်းဆောင်ရင်း ပညာရည်ထူးချွန်ထက်မြက်ပြီး ဘာသာတရားကို လေးစားတန်ဖိုးထားတတ်သူသည့် သားကောင်းသမီးကောင်းများဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက်သွားကြမည်ဖြစ်ပါကြောင်းနှင့် နိုင်ငံတော်အတွက်အားထားရသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်အောင် ကြိုးစားသွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးတို့က ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှချီးမြှင့်သည့် ပညာသင်ထောက်ပံ့ကြေးနှင့် သင်ထောက်ကူပစ္စည်းများကို ပေးအပ်ပြီးနောက် ကျောင်းသားကျောင်းသူ မိဘများကိုယ်စား ကျောင်းသားမိဘတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ယနေ့အခမ်းအနား၌ ပညာသင်ထောက်ပံ့ကြေးငွေ ပေးအပ်မှုတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်၊ ကောလိပ်အဆင့်တွင် ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူတစ်ဦးလျှင် ငွေ(၂)သိန်းကျပ်နှုန်း၊ အခြေခံပညာအထက်တန်းအဆင့်တွင် ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူတစ်ဦးလျှင် ငွေ(၁)သိန်းကျပ်နှုန်း၊ အခြေခံပညာအလယ်တန်း အဆင့်တွင် ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူတစ်ဦးလျှင် ငွေ(၈၀,၀၀၀)ကျပ်နှုန်း၊ အခြေခံ ပညာမူလတန်းအဆင့်တွင် ပညာသင် ကြားနေသောကျောင်းသားကျောင်းသူတစ်ဦးလျှင် ငွေ(၆၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း(၁၄၁)ဦး အတွက် ပညာသင်ထောက်ပံ့ကြေးငွေ စုစုပေါင်း(၁၅,၅၀၀,၀၀၀)ကျပ်နှင့် သင်ထောက်ကူ ပစ္စည်းများဖြစ်သည့် ကျောင်းသုံးဗလာစာအုပ်တစ်ဦးလျှင် တစ်ဒါဇင်နှုန်းဖြင့် စုစု ပေါင်း(၁၄၁)ဦးအတွက် ငွေ(၁,၆၉၂,၀၀၀)ကျပ်တန်ဖိုးရှိ ကျောင်းသုံးဗလာစာအုပ်များကို လည်းကောင်း၊ အခြေခံပညာထက်၊လယ်၊မူအဆင့် ကျောင်းသားကျောင်းသူ(၉၇)ဦးအတွက် စုစုပေါင်းငွေ(၂၀)ကျပ်သိန်းတန်ဖိုးရှိ ကျောင်းစိမ်းဝတ်စုံများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ရာ ထောက်ပံ့မှုများအနေဖြင့် စုစု ပေါင်း ငွေ(၁၉,၂၉၂,၀၀၀)ကျပ် ရှိကြောင်းသိရသည်။
ထွန်းထွန်းနိုင်