မူဆယ် မေ ၃၁
ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ချိန်အတွင်း မှန်ကန်မြန်ဆန်စွာနှင့်ထိရောက်စွာ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် မေလ ၃၀ ရက်နေ့ နံနက် (၉)နာရီ အချိန်က ရုံးစာရေးသားနည်းသင်တန်း အမှတ် စဉ်(၁/၂၀၂၅)ကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဦးစွာသင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် မိမိတို့ဝန်ထမ်းများ တစ်ဦးချင်းစွမ်းဆောင်ရည် မြင့်မားစေရေးအတွက် ယခုလိုသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်ဦးစီးမှူးက ရုံးလုပ်ငန်းလက်စွဲစာအုပ်ပါ ရုံးလုပ်ငန်းသဘောတရား၊ ရုံးစာရေးသားနည်းအမျိုးအစား၊ ဝင်စာများကို အရေးယူဆောင်ရွက်ခြင်း၊ ထွက်စာများကို အရေးယူဆောင်ရွက်ခြင်း စသည်တို့ကို အသေးစိတ် လက်ရှိဆောင်ရွက်နေမှုများနှင့် နှိုင်းယှဉ်၍ ဆွေးနွေးပေးခဲ့သည်။
အဆိုပါသင်တန်းသို့ မေလ ၃၀ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တွဲဖက်ပြည်နယ်မှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးလှဌေးက Zoom Application ဖြင့် တက်ရောက်ပြီး တက်ရောက်လာသည့် သင်တန်းသားများအား အမှာစကားပြောကြားပေးခဲ့ကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသား(၁၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မေလ ၂၉ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ချယ်ရီမြေ (မူဆယ်)