ပြည်ကြီးမဏ္ဍိုင်မြို့တွင် ပိန္နဲပင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ပြည်ကြီးမဏ္ဍိုင် မေ ၃၀                 

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ဒေသခံပြည်သူများမှာ မိမိတို့၏ခြံဝင်းများနှင့် ဥယျာဉ်ခြံများတွင် အလေ့ကျပေါက်ခြင်းနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် ပိန္နဲပင်များမှ ပိန္နဲသီးမှည့်များ ရောင်းချခြင်းဖြင့် အပိုဝင်ငွေ ရလျက်ရှိကြောင်း သိရသည်။ 

ဒေသခံများမှာ ပိန္နဲသီးများကို အနုချိန်တွင် ပြုတ်ပီးတို့စရာအဖြစ် လိုက်လံရောင်းချကြကြောင်း၊ တစ်မျိုးတည်း ချက်ပြုတ်စားသောက်ရသည့်အပြင် အသားဟင်းနှင့်လည်း ရောချက်၍လည်းကောင်း  စားသုံးနိုင်ကြရာ၊ ပိန္နဲသီးအမှည့်များကိုလည်း စိတ်ပြီး (၁)စိတ်လျင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချခြင်း၊ ပိန္နဲပင်တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားခြင်းဖြင့် မိသားစုစားသုံးရန်အပြင် အပိုဝင်ငွေပါရရှိကြောင်း ပိန္နဲပင် စိုက်ပျိုးထားသူ တစ်ဦးထံမှ သိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့ရှိ  တောင်သူများမှာ မိသာစုစားသုံးရန်နှင့်  အပိုဝင်ငွေရရှိရန်အတွက် နှစ်ရှည်ပင်များ ဖြစ်သည့် ပိန္နဲ၊ ငှက်ပျော၊ သရက်၊ မင်းဂွတ်၊ ကြက်မောက်၊ ဒူးရင်း၊နာနတ်သီးများကို တစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးလျက်ရှိကြာင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)