မြောက်ဥက္ကလာပမြို့နယ်တွင် အပတ်စဉ် (၄၉) သူနာပြုဒီပလိုမာသင်တန်း သင်တန်းသား/ သူများအား အမျိုးသား၀တ်စုံနှင့် ဦးဆောင်း ပေးအပ်ပွဲကျင်းပ

မြောက်ဥက္ကလာပ မေ ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသင်တန်းကျောင်း၏ အပတ်စဉ် (၄၉) သူနာပြုဒီပလိုမာသင်တန်း သင်တန်းသား/သူများ၏ အမျိုးသား၀တ်စုံနှင့် ဦးဆောင်း ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်  အဆိုပါကျောင်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ သူနာပြုသင်တန်းကျောင်း၏ စီမံခန့်ခွဲရေးဥက္ကဋ္ဌ  မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်ငွေစံက အမှာစကားပြောကြားပြီး  မြန်မာနိုင်ငံသူနာပြုနှင့် သားဖွား ကောင်စီဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ခင်က ဆုံးမဩဝါဒအမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြောက်ဥက္ကလာပမြို့နယ် ကျန်းမာရေး လူစွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသင်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နီစိုးက အမျိုးသား၀တ်စုံ ဦးဆောင်း ပေးအပ်ခြင်းနှင့် ပတ်သတ်၍ ရှင်း‌‌လင်းပြောကြားခဲ့ပြီး ပထမနှစ်သင်တန်းသား၊ သင်တန်းသူများကို အမျိုးသား၀တ်စုံနှင့် ဦးဆောင်းများကို တာ၀န်ရှိသူများက တစ်ဦးချင်း အသီးသီးပေးအပ်ခဲ့သည်။

ဆက်လက်၍ အမျိုးသား၀တ်စုံနှင့် ဦးဆောင်းလက်ခံပြီးဖြစ်သော သင်တန်းသား၊ သင်တန်းသူများမှ သူနာပြုသစ္စာအဓိဌာန် ပြုခဲ့ကြပြီး  ၂၀၂၃ ပညာသင်နှစ် မှ ၂၀၂၄ ခုနှစ် First Semester End Test ထိ ထူးချွန်ဆု နှင့် ၂၀၂၅  ပထမနှစ်   First Semester End Test ထိ ထူးချွန်ဆုရ သင်တန်းသား၊ သင်တန်းသူများအား ဆုများအသီးသီးချီးမြှင့် ပေးအပ်ခဲ့သည်။ ယင်းနောက် အမျိုးသား၀တ်စုံနှင့် ဦးဆောင်းလက်ခံရရှိသော သင်တန်းသား/သူများ ကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သင်တန်းသား/သူများက ကရုဏာလင်း သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းမြင့်၊ ဆေးတက္ကသိုလ် (၂)ရန်ကုန်မှ ပါမောက္ခချုပ် ပါမောက္ခ ဒေါ်မိုး၀င့်အောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးသူ၊ သူနာပြုသင်တန်းကျောင်း၏ စီမံခန့်ခွဲရေး ဥက္ကဋ္ဌ  မြောက်ဥက္ကလာပပြည်သူ့ ဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်ငွေစံ၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွား ကောင်စီဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ခင်၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီမှ ဗဟိုအမှူဆောင်အဖွဲ့၀င် ဒေါ်ခင်မာချို၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားအသင်းမှ တွဲဖက်အတွင်းရေးမှူး ဒေါ်လဲ့လဲ့၀င်း၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်း ဗဟိုအလုပ်မှုဆောင် ဦးခင်မောင်၀င်း၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွား အသင်းမှ ဗဟို အလုပ်မှုဆောင် ဦးကျင်လျန်လွန်း၊ ဝေဘာဂီ အထူးကု ဆေးရုံကြီးမှ ဒေါက်တာ အေးအေးအောင်၊ သူနာပြုသင်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နီစိုး၊ သူနာပြုအုပ်များ၊ ဒုတိယသူနာပြုအုပ်များ၊ ဆေးရုံကြီးလူနာဆောင်မှ သူနာပြု ဆရာမကြီးများ၊ သင်တန်းသား၊ သင်တန်း‌‌သူများ စုစုပေါင်းအင်အား ၁၅၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)