မူဆယ် မေ ၃၁
ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ချိန်အတွင်း မှန်ကန်မြန်ဆန်စွာနှင့် ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၉) နာရီအချိန်က ရုံးစာရေးသားနည်းသင်တန်း အမှတ်စဉ်(၁/၂၀၂၅)ကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဦးစွာ သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် မိမိတို့ ဝန်ထမ်းများ တစ်ဦးချင်း စွမ်းဆောင်ရည် မြင့်မားစေရေးအတွက် ယခုလိုသင်တန်းများ ဖွင့်လှစ်ပေးရ ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်ဦးစီးမှူးက ရုံးလုပ်ငန်းလက်စွဲစာအုပ်ပါ ရုံးလုပ်ငန်းသဘောတရား၊ ရုံးစာရေးသားနည်း အမျိုးအစား၊ ဝင်စာများကို အရေးယူဆောင်ရွက်ခြင်း၊ ထွက်စာများကို အရေးယူ ဆောင်ရွက်ခြင်း စသည့်တို့ကို အသေးစိတ် လက်ရှိဆောင်ရွက်နေမှုများနှင့် နှိုင်းယှဉ်၍ ဆွေးနွေးပေးခဲ့သည်။
အဆိုပါသင်တန်းသို့ မေလ ၃၀ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တွဲဖက်ပြည်နယ်မှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးလှဌေးက Zoom Application ဖြင့် တက်ရောက်ပြီး တက်ရောက်လာသည့် သင်တန်းသားများအား အမှာစကား ပြောကြားပေးခဲ့ကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသား (၁၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလာမှာ မေလ ၂၉ ရက် နေ့မှ မေလ ၃၁ ရက်နေ့အထိ (၃) ရက်ကြာဖွင့်လှစ် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)