ပူတာအိုခရိုင်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/သူများနှင့် သင်ကြားရေးဆရာ/မများအား အခြေခံစားသောက်ကုန် ဆန်နှင့်ဆီ တတိယအကြိမ် ပေးအပ်

ပူတာအို မေ  ၃၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း စာစစ်ဌာန()ခုတွင် ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများနှင့် သင်ကြားရေးဆရာ/မများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးနှင့် စခန်းသွင်းလေ့ကျင့်နေသည့် ကာလအတွင်း စားဝတ်နေရေးအတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုစေရန်အတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အလှူရှင်များမှ ပေးအပ်လှူဒါန်းသော အခြေခံစားသောက်ကုန် ဆန်နှင့်ဆီ တတိယအကြိမ် ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်()နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးထွန်းက တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကချင်ပြည်နယ် အစိုးရဖွဲ့၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အလှူရှင်များ၏ပူးပေါင်းမှုဖြင့် ပံ့ပိုးပေးအပ်ရခြင်းဖြစ်၍ ကျောင်းသား/သူများအနေဖြင့် ရာနှုန်းပြည့်အောင်မြင်နိုင်ရေး ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းအမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းညွန့်က တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်အတွက် စီစဉ်ဆောင်ရွက်မှုများနှင့် ပံ့ပိုးပေးအပ်သော တာဝန်ရှိသူများနှင့် အလှူရှင်များအား ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ ပူတာအိုတပ်နယ်မှူး ဗိုလ်မှူးကြီး ရဲဟိန်းနှင့်ဇနီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က္ကဋ္ဌ ဦးစိုး ထွန်းနှင့်အဖွဲ့ဝင်များ၊ မချမ်းဘောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးအောင်ကိုဝင်း၊ ရွှေဆိုင်လုပ်ငန်းရှင်များအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊စက်သုံးဆီဆိုင်လုပ်ငန်းရှင်များအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဆက်သွယ်ရေးသုံးပစ္စည်းဆိုင်ရာလုပ်ငန်းရှင်အဖွဲ့၊ ဆန်အရောင်းဆိုင်လုပ်ငန်းရှင်များအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် အလှူရှင်များက ဆန်၊ဆီ ပေးအပ်လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခြင်းများကို ဆောင်ရွက်ကြရာ တာဝန်ရှိသူများက လက်ခံရယူသည်။

အဆိုပါ တတိယအကြိမ် လှူဒါန်းပေးအပ်ပွဲတွင် ပူတာအိုခရိုင်အတွင်းရှိ စာစစ်ဌာန()ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/သူများနှင့် သင်ကြားရေး ဆရာ/မများ စုစုပေါင်း (၇၆၁) ဦးအတွက် အခြေခံစားသောက်ကုန် ဆန်(၈၅)အိတ်နှင့် ဆီ(၉၃)ပိဿာကို လှူဒါန်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဖုန်ကန်(ပူတာအို)