ကျောက်ဆည် မေ ၃၁
ပြည်သူများ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး၊ လူမှုစီးပွားဘဝမြင့်မားစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် သင်တန်းများဖွင့်လှစ်ပေးလျက်ရှိရာ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ကျောက်ဆည်ခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးက သင်တန်းမှ သင်ကြားပို့ချပေးခဲ့သော နည်းပညာများကို လက်တွေ့နယ်ပယ်တွင် တန်ဖိုးရှိစွာအသုံးချရန်၊ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများအား ခေတ်နှင့်အညီ ကြိုးစားဆောင်ရွက်ရန် အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇေယျဝင်းက ဘာသာရပ်များအား အခြေခံမှစ၍ သင်ကြားပေခဲ့ရာ သင်တန်းသူများအနေဖြင့် တတ်စွမ်းသမျှ ထုတ်ကုန်များ ထုတ်လုပ်သွားကြရန်နှင့် ကိုယ်ပိုင်လုပ်ငန်းများထူထောင်ပြီး မိသားစု အပိုဝင်ငွေ ရရှိအောင် ကြိုးစားသွားကြရန် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီးသင်တန်းသူများအား တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းထုတ်ကုန်များကို ပေးအပ်ခဲ့ပြီး သင်တန်းသူ ဒေါ်အေးအေးစန်းမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်းနှင့် အဆိုပါ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် ဘက်စုံသုံးဆပ်ပြာဆီ၊ ပန်းကန်ဆေး ဆပ်ပြာဆီ၊ အဝတ်လျှော်ဆပ်ပြာဆီ၊ တရော်ကင်ပွန်းခေါင်းလျှော်ရည်နှင့် မျက်နှာသစ် ဆပ်ပြာခဲပြုလုပ်နည်း တို့ကို သင်တန်းသား(၂၀)ဦးအား ၂၀၂၅ ခုနှစ်၊ မေလ (၂၆) ရက်နေ့မှ မေလ(၃၀)ရက်နေ့အထိ (၅) ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။
တင်တင်ထွေး