ရပ်စောက် မေ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ရှမ်းပြည်နယ် အမျိုးသမီးကော်မတီနှင့် ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံးတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရှမ်းပြည်နယ် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးမိုးစန်းက အမျိုးသမီးကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်များတင်ပြရာတွင် ကျား/မအခြေပြုအကြမ်းဖက်မှုနှင့် သက်ငယ်မုဒိန်းမှုဖြစ်ရပ်စီမံခန့်ခွဲခြင်းဆိုင်ရာ ညွှန်ပို့မှုလမ်းကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဖြစ်ရပ်စီမံခန့်ခွဲမှုပေးခြင်းနှင့် လူမှုစိတ်ပိုင်းဆိုင်ရာ ပံ့ပို့ကူညီမှု၊ ယာယီလုံခြုံရေးနေရာ၊ ရဲ/ဘေးကင်းလုံခြုံမှု၊ လူမှုစိတ်ပိုင်ဆိုင်ရာ ပံ့ပိုးကူညီမှု၊ ဥပဒေရေးရာဆိုင်ရာဝန်ဆောင်မှု၊ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်ရေးအသင်း၊ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ ငွေကြေးထောက်ပံ့ပေးနေမှုအခြေအနေနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ရှမ်းပြည်နယ် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မေဦးက လူမှုရေးပင်စင်ငွေကြေးထောက်ပံ့မှုဆိုင်ရာလုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်အကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)