ပုလောမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ အခမဲ့ငှားရမ်းဆောင်ရွက်ပေး

ပုလော မေလ ၃၀

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ အခမဲ့ငှားရမ်းဆောင်ရွက်ပေးခြင်းကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ မေလ ၂၉ ရက်နေ့ ၊ နံနက် (၁၀)နာရီအချိန်က ဌာနဆိုင်ရာရုံးများသို့ သွားရောက်ဆောင်ရွက်ပေးခဲ့ပါသည်။

စာပေကိုချစ်မြတ်နိုးသည့် စာဖတ်ဝါသနာပါသူများ ၊ စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သူများကို စာပေလေ့လာဖတ်ရှုနိုင်စေရန်နှင့် အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်ရည်ရွယ်၍ စာဖတ်ပရိသတ်လက်ဝယ်အရောက် ငှားရမ်းပေးခြင်းဖြစ်ကြောင်းသိရသည်။

အေးအေးမော်