မြိတ် မေ ၃၀
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်း၌ မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ခန်းမတွင် AMBER LIGHT ကုမ္ပဏီလီမိတက်မှ မြိတ်မြို့ ပြည်သူများအား အနာဂတ်အလင်းနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကုန်ပစ္စည်းမိတ်ဆက်ပွဲ တက်ရောက်ခဲ့ကြသည်။
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကုန်ပစ္စည်းများ မိတ်ဆက်ပွဲတွင် AMBER LIGHT ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများက Sigenergy Home Solution နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ Company လက်ရှိ လုပ်ဆောင်နေသောလုပ်ငန်းများ၊ HYB ကုန်ပစ္စည်းများအကြောင်း ရှင်းလင်းတင်ပြကြပြီး Sigenergy ထုတ်ကုန်များနှင့်ပတ်သက်သည့် Video Clip ပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများမှ ကြည့်ရှုအားပေးခဲ့ကြသည်။
မိတ်ဆက်ရှင်းလင်းပွဲအပြီးတွင် ခန်းမအတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့် အသုံးပြုသည့် ကုန်ပစ္စည်းများကို ကုမ္ပဏီတာဝန်ရှိသူများက ရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြပြီး သိလိုသည်များကိုမေးမြန်းကြရာ ကုမ္ပဏီတာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)