တန့်ယန်း မေ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မိသားစုများ၏ သား၊ သမီးများအား ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်ရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်စိုးက ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် မိသားစုများ၏ သားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ တက္ကသိုလ်အဆင့် ၈ ဦး၊ အထက်တန်းအဆင့် ၃ ဦး၊ အလယ်တန်းအဆင့် ၉ ဦး၊ မူလတန်းအဆင့် ၁၆ ဦး၊ မူလတန်းကြို ၃ ဦး စုစုပေါင်း (၃၉) ဦးတို့အား ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)