လိပ်သိုဒေသတွင် အိမ်ခြံဝင်းအတွင်း ငရုတ်ကောင်းပင်များ တစ်နိုင်တစ်ပိုင်တိုး၍ စိုက်ပျိုး

လိပ်သို မေ ၂၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မိသားစုစားသုံးရန်နှင့် အပိုဝင်ငွေရရှိစေရန် မိမိတို့၏ အိမ်ခြံဝင်းများအတွင်းတွင် ငရုတ်ကောင်းပင်များ တစ်နိုင်တစ်ပိုင် တိုး၍ စိုက်ပျိုးလာလျက်ရှိကြောင်း သိရသည်။

ငရုတ်ကောင်းပင်စိုက်ပျိုးရာတွင် အုန်း၊ ကွမ်းသီး၊ သရက်၊ ပိန္နဲ စသည့် နှစ်ရှည်ပင်များတွင် ကပ်၍လည်းကောင်း၊ သစ်တိုင်များ၊ ရွက်လှပင်ပုများပေါ်တွင်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ငရုတ်ကောင်းကို ထောင်းစား၍ လည်းကောင်း၊ ဟင်းခါးရည်ချက်ရာတွင် ခတ်၍လည်းကောင်း၊ အသားငါးနှင့် အရွက်များကြော်ချက်ရာတွင် အနံ့အရသာ ကောင်းစေရန်အတွက်လည်းကောင်း ထည့်သွင်း​ပြုလုပ်စားသုံးကြကြောင်း သိရသည်။

လိပ်သိုဒေသ၌ ငရုတ်ကောင်း တစ်ပိဿာလျှင် (၃၀၀၀ဝိ/-) ကျပ်အထိ စျေးကောင်းရလျက် ရှိနေသောကြောင့် ဒေသခံများမှာ ငရုတ်ကောင်းပင်များကို တိုးချဲ့စိုက်ပျိုးလာလျက်ရှိနေကြောင်း သိရသည်။

ခင်လေးနွယ်