ရပ်စောက်၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေး ရက်သတ္တပတ်အခမ်းအနား ကျင်းပ

ရပ်စောက် မေ ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ပညာရေးဌာနအနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေး ရက်သတ္တပတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ရပ်စောက်) ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက “တို့ကျောင်းတော်” သီချင်းဖြင့် သီဆိုဂုဏ်ပြုဖွင့်လှစ်ခဲ့ကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး(စီမံ)မှ ဆရာကြီး ဦးဘုန်းမြင့်က ကျောင်အပ်နှံရေးလုပ်ငန်း ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့သော ကျောင်းသုံးဖတ်စာအုပ်များ၊ ဗလာစာအုပ်များ၊ မူဆင့်ကျောင်းဝတ်စုံများ၊ သင်္ချာသင်ထောက်ကူပစ္စည်းများ၊ စာရေးကိရိယာများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်းနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ဗထူး)မှ ကျောင်းသား/ကျောင်းသူများက “ကျောင်းအပ်နှံရေးသီတင်းပတ်” သီချင်းဖြင့် ဂုဏ်ပြုသီဆိုပြီးအခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်