မိုင်းနောင်မြို့တွင် အမျိုးသမီးငယ်များနှင့် ကျန်းမာရေး အသိပညာပေးဟောပြောပွဲ(ဒုတိယနေ့) ဆက်လက်ဆောင်ရွက်

မိုင်းနောင် မေ ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင်အမျိုးသမီးငယ်များနှင့်ကျန်းမာရေး အသိပညာပေးဟောပြောပွဲ(ဒုတိယနေ့)ကို ယနေ့နံနက် (၉)နာရီ အချိန်က ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ အထက်တန်းသူနာပြုဆရာမ ဒေါ်နန်းမိညိုမှ အမျိုးသမီးငယ်များနှင့်AIDS ကူးစက်ရောဂါများအကြောင်းနှင့် ကာကွယ်ရမည့်နည်းလမ်းများကို ဟောပြောခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်နန်းမီးက AIDS ရောဂါဖြစ်ပွားပါက လိုက်နာကျင့်သုံးရမည့် နည်းလမ်းများအကြောင်းရှင်းလင်းပြောကြားပြီး ဟောပြောပွဲတက်ရောက်လာသော အမျိုးသမီးငယ်များမှ မိမိတို့ သိရှိလိုသည်များကိုမေးမြန်းကာ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

မိုင်းနောင်မြို့ အမျိုးသမီးရေးရာအဖွဲဥက္ကဋ္ဌ ဒေါ်လဲ့လဲ့ရီမှ ဟောပြောပွဲတက်ရောက်လာသော အမျိုးသမီးငယ်များအားလုံး ခေတ်မီဖွံဖြိုးတိုးတက်၍ ကျန်းမာကြံ့ခိုင်သည့်  ပညာတတ်အမျိုးသမီးများ ဖြစ်ပေါ်လာစေရေးအတွက် ကြိုးစားသွားကြရန်ပြောကြားကာ အမျိုးသမီးငယ်များနှင့်ပတ်သက်သည့် ကျန်းမာရေးအသိပညာပေးစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)