ကျောက်ဆည် မေ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းပဲမျိုးစုံဖူလုံပိုလျှံရေး နွေပဲသီးနှံများတိုးချဲ့စိုက်ပျိုးလျက်ရှိရာ သင်းဒီးစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် နွေစပါး (၁၅၀၀) ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
သင်းဒီးစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် ကျေးရွာအုပ်စုပေါင်း(၁၃)အုပ်စုရှိပြီး နွေစပါးသီးနှံများကို ကျားကာကျေးရွာအုပ်စုတွင်(၁၃၅)ဧက၊ ပေါက်ပင်ကွေ့ကျေးရွာအုပ်စုတွင်(၁၈၀)ဧက၊ မြေစိုမိုး ကျေးရွာ အုပ်စုတွင်(၃၁၅)ဧက၊ ပဲခင်းကျေးရွာအုပ်စုတွင်(၄၆၀)ဧက၊ ပေါင်လောင်ကျေးရွာအုပ်စုတွင် (၄၁၀)ဧက စုစုပေါင်း (၁၅၀၀)ဧက စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် နွေစပါးသီးနှံများကို စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်း (၆)ခုတွင် နွေစပါး(၁၉၉၈၀)ဧက လျာထားစိုက်ပျိုးလျက်ရှိပြီး နွေစပါးသီးနှံများအောင်မြင်ဖြစ်ထွန်းစေရေး မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေပေးမြောင်းများအလိုက် စိုက်ပျိုးရေများ လုံလောက်စွာ အလှည့်ကျစနစ်ဖြင့် စိုက်ပျိုးရေများပေးဝေလျက်ရှိကြောင်း သိရသည်။
စုစုအေး(ကျောက်ဆည်)