ဘက်စုံသားဖွားဒီပလိုမာ(၂)နှစ်သင်တန်း၊ (၁/၂၀၂၅) သင်တန်း ပထမနှစ်သင်တန်းသူများ၏ (၁၂) ကြိမ် မြောက် ဦးဆောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

ချမ်းအေးသာစံ မေ ၃၀

ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းပျော်ဘွယ်ရပ်ကွက်၊ ၃၁×၆၈ လမ်းထောင့်ရှိ သားဖွားသင်တန်းကျာင်း (မန္တလေး)တွင် ဘက်စုံသားဖွားဒီပလိုမာ(၂)နှစ်သင်တန်း၊ (၁/၂၀၂၅) သင်တန်း ပထမနှစ်သင်တန်းသူများ၏ (၁၂)ကြိမ်မြောက် ဦးဆောင်းပေးအပ်ပွဲ အခမ်းအနားကို မေလ ၂၈ ရက်နေ့မွန်းလွဲ (၁) နာရီတွင်ကျင်းပပြုလုပ်ခဲ့သည်။

 အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်၊ သားဖွား သင်တန်းကျောင်း၊ စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ၊ ဗဟိုအမျိုးသမီးဆေးရုံအုပ်ကြီး ဒေါက်တာဝင်းပပဝင်းနှင့်အဖွဲ့ဝင်များ၊ ပညာရေးအဖွဲ့ဥက္ကဋ္ဌ၊ သားဖွားသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဒေါ်ခင်ချိုမြင့်နှင့် ပညာရေးအဖွဲ့ဝင်များ၊ ကျောင်းအုပ်များနှင့် နည်းပြများ၊ သင်တန်းသူ(၁၃၄)ဦး၊ စုစုပေါင်း ၁၆၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့  လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးမှ အဖွင့် အမှာစကားပြောကြားပြီး ကျောင်းအုပ်ကြီး ဒေါ်ခင်ချိုမြင့်မှ သင်တန်းနှင့်ပတ်သက်သည်များအား ရှင်းလင်းတင်ပြ၍  ဦးအောင်ကျော်မိုးမှ ဆုရရှိသူများအား ဆုများချီးမြှင့်ကာ တာဝန်ရှိသူများမှ သင်တန်းသူများအား ဦးဆောင်းများအပ်နှင်းခဲ့ကြောင်း၊ ထို့နောက် သင်တန်းသူများမှ သူနာပြုအဓိဋ္ဌာန်ရွတ်ဆိုခြင်း၊ ​ “ဂရုဏာအလင်း” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခြင်းများ ဆောင်ရွက်ခဲ့ပြီး သင်တန်းသူများကိုယ်စား မဖြူသီမှ ကျေးဇူးတင်စကားပြောကြား၍အခမ်းအနား ပြီးမြောက်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်