မိုင်းပန် မေ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို အခြေခံပညာအလယ်တန်းကျောင်းခွဲ(မြို့မ)၊ ချယ်ရီခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူလေးများက “အနာဂတ် လူရည်မွန်သီချင်းဖြင့်” သီဆိုဖွင့်လှစ်ခဲ့ကြပြီး အမှတ်(၁၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးကျော်စွာဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဆရာကြီးဦးထွန်းနေအောင်က ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေသည့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းဝတ်စုံများ၊ ခဲတံများ၊ ဘောပင်များနှင့် ကျောင်းသုံးဗလာစာအုပ်များကို သက်ဆိုင်ရာတာဝန်ရှိသူများက အခြေခံပညာကျောင်းအုပ် ဆရာ/မကြီးများထံ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလေးများက “တို့ကျောင်းတော်” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး အခမ်းအနားရုပ်သိမ်းလိုက်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)