ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဆက်လက်သင်ကြားပေး

ကျောက်ဆည် မေ ၂၈

ပြည်သူများ လူမှုစီးပွားဘဝမြင့်မားစေရေး၊ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် သင်တန်းများဖွင့်လှစ်ပေးလျက်ရှိရာ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းကို ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြ ဒေါ်နွယ်နီအောင်နှင့် ဒေါ်သဲဆုအောင်တို့က ဘက်စုံသုံးဆပ်ပြာဆီ၊ ပန်းကန်ဆေးဆပ်ပြာဆီ၊ အဝတ်လျှော်ဆပ်ပြာဆီ၊ တရော်ကင်ပွန်းခေါင်းလျှော်ရည်နှင့် မျက်နှာသစ်ဆပ်ပြာခဲ ပြုလုပ်ရာတွင် ပါဝင်ပစ္စည်းအသုံးပြုပုံအဆင့်ဆင့်တို့ကို သင်တန်းသားများကို စာတွေ့လက်တွေ့သင်ကြား ပေးခဲ့ကြောင်း သိရသည်။

မြို့ပြကျေးလက်ဒေသများတွင် အသေးစားစက်မှု၊ လက်မှုလုပ်ငန်းများ ထူထောင်နိုင်ရန် လိုအပ်သော အသက် မွေးဝမ်းကြောင်းအတတ်ပညာများ သင်ကြားပို့ချခြင်းအပြင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ စီးပွားရေးလုပ်ငန်းများနှင့်ပူးပေါင်း၍ နည်းပညာအရင်းအနှီးနှင့်ဈေးကွက်ရရှိရေး ဆောင်ရွက်ပေးလျက်ရှိရာ သင်တန်းပြီးဆုံးသည့်အခါ လူသုံးကုန်ထုတ်လုပ်နိုင်အောင် မိသားစုများ တပိုင်တနိုင်လုပ်ငန်းများ ထူထောင်ပြီး ဝင်ငွေတိုးပွားအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)