သာစည်မြို့နယ်၌ အခြေခံပညာကျောင်းသား/သူ ၃၅၄၇၇ ဦးထိ ကျောင်းအပ်လက်ခံပြီးဖြစ်

သာစည် မေ ၂၈

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကျောင်းအပ် လက်ခံခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ အပါအဝင် ယနေ့အချိန်ထိ ကျောင်းသား/သူ ၃၅၄၇၇ ဦးထိ ကျောင်းအပ်လက်ခံပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး မှသိရသည်။

ကျောင်းအပ်လက်ခံခြင်းများကို မေ ၂၂ ရက်မှ စတင်၍ သက်ဆိုင်ရာကျောင်းများအလိုက် လက်ခံလျက်ရှိရာ အခြေခံပညာမူလတန်း အဆင့်တွင် ၂၃၁၅၇ ဦး၊ အလယ်တန်းအဆင့်တွင် ၈၇၁၃ ဦးနှင့် အထက်တန်းအဆင့်တွင် ၃၆၀၇ ဦးစုစုပေါင်း ၃၅၄၇၇ ဦး ဖြစ်ကြောင်းသိရပြီး အစိုးရကျောင်းများတွင် လက်ခံပြီးသူ ၃၄၉၀၆ ဦးဖြစ်ကြောင်း သိရသည်။

သာစည်မြို့နယ်တွင် အခြေခံပညာကျောင်း ၂၁၂ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၂ ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၆ ကျောင်းရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)