ကျိုင်းတုံမြို့၌ မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနသင်တန်းကျောင်း အ‌ဆောက်အဦဖွင့်ပွဲနှင့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းဖွင့်ပွဲ ကျင်းပ

ကျိုင်းတုံ မေ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (၂၀၂၃) ဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန၊ သင်တန်းကျောင်း အ‌ဆောက်အဦဖွင့်ပွဲနှင့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါသင်တန်းကျောင်းတွင် ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြိဂံ‌ဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး သံအမှတ်ကြီး Ms. Ma Jia တို့ က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး သံအမှတ်ကြီး တို့က ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန သင်တန်းကျောင်း ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး သင်တန်းကျောင်း ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းသည်။

ဆက်လက်၍ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းဖွင့်ပွဲကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့က အမှာစကားပြောကြားပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး သံအမှတ်ကြီး Ms. Ma Jia က ဂုဏ်ပြု အမှာစကား ပြောကြားသည်။ ထို့‌နောက် အာခါတိုင်းရင်းသားခေါင်းဆောင် ဦးမင်းညိုက တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး သံအမှတ်ကြီးအား အမှတ်တရ ရိုးရာလက်ဆောင်ပစ္စည်း ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားပြီး သင်တန်းအဆောက်အဦအသစ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)