လိပ်သို မေ ၂၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် မိုးဉီးကာလ မျှစ်များပေါ်ဉီးစချိန်၌ ဒေသခံများမှာ တောတောင်များနှင့် တောင်ယာခင်းများရှိ ဝါးပင်များမှ မျှစ်များကို လိုက်လံချိုးယူပြီး မျှစ်ပြုတ်များ ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရလျက် ရှိနေကြောင်း သိရသည်။
ဒေသခံများမှာ ချိုးယူရရှိသော မျှစ်စိမ်းများကို အလုံးလိုက်ပြုတ်ပြီး ပလပ်စတစ်အိတ်များဖြင့် ထုတ်ပိုးကာ လိပ်သိုမြို့ပေါ်၌ လှည့်လည်ရောင်းချကြကြောင်း၊ ဒေသထွက်မျှစ်ပြုတ်များမှာ ချိုပြီး လူကြိုက်များသောကြောင့် မျှစ်ပြုတ်တစ်ထုပ်လျှင် (၁၀၀ဝိ/-) ကျပ်ဖြင့် ရောင်းချလျက်ရှိနေကြောင်း မျှစ်ပြုတ်လိုက်လံရောင်းချသူတစ်ဉီးထံမှ သိရသည်။
မိုးရာသီကာလ မျှစ်များလှိုင်လှိုင်ပေါ်ချိန်တွင် မျှစ်များကို လိုက်လံချိုးယူပြီး မျှစ်ပြုတ်အပြင် မျှစ်ချဉ်၊ မျှစ်ချို၊ မျှစ်ခြောက်များပြုလုပ်၍ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့် အခြားမြို့များသို့ ပို့ဆောင်ရောင်းချလျက်ရှိကြကြောင်း သိရသည်။
ခင်လေးနွယ်