လင်းခေး မေ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးအခမ်းအနားကို ယနေ့နံနက် ၉ နာရီက လင်းခေးအခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများက “ကျောင်းအပ်နှံရေးသီတင်းပတ်”သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြသည်။
ဆက်လက်၍ လင်းခေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးက လမ်းညွှန်အမှာစကား ပြောကြားပေးခဲ့သည်။
ဆက်လက်ပြီး လင်းခေးတပ်နယ်မှူး ဗိုလ်မှူးကြီး ကျော်ထွန်းလတ်၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်တို့က ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့သည့် ကျောင်းသုံးပုံနှိပ်၊ ဗလာစာအုပ်နှင့် ကျောင်းဝတ်စုံများပေးအပ်ရာ မြို့နယ်အတွင်းရှိ စာသင်ကျောင်းများအလိုက် ကျောင်းအုပ်ဆရာ၊ ဆရာမများက အသီးသီး လက်ခံယူခဲ့ကြပါသည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်” သီချင်းသီဆိုခြင်းဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။
အခမ်းအနားအပြီး တပ်နယ်မှူး၊ ခရိုင်နှင့်မြို့ နယ်အုပ်ချုပ်ရေးမှူးတို့က တက်ရောက်လာသည့် မြို့ ကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)