ချီဖွေ ဒီဇင်ဘာ ၁၁
ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း(Mask) မတပ်သူများအား စစ်ဆေးအရေးယူခြင်းကို ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၇ နာရီက မြို့နယ်စည်ပင်သာယာ စျေးလမ်းဆုံနေရာတွင် မြို့နယ် ကိုဗစ်-၁၉ စည်းကမ်း ထိန်းသိမ်း ရေးအဖွဲ့ဝင်များ ပူးပေါင်း၍ စစ်ဆေးအရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နှာခေါင်စည်း(Mask) မတပ်သူများအား စစ်ဆေးကြပ်မတ်အရေးယူခြင်းကို မြို့နယ် ကိုဗစ်-၁၉ရောဂါ အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ နှာခေါင်းစည်း (Mask) တပ်ဆင်ထားခြင်းမရှိသော စျေးရောင်း/ စျေးဝယ်သူများ၊ လမ်းသွား/လမ်းလာများ၊ ဆိုင်ကယ်မောင်းနှင် လာသူများ၊ မော်တော်ယာဉ်များပေါ် လိုက်ပါလာသူ များအား နှာခေါင်းစည်းတပ်ဆင်ခြင်း မရှိပါက(Mask) တစ်ခုလျှင်နှစ်ရာကျပ်ဖြင့် ချက်ချင်းဝယ်ယူ တပ်ဆင်စနစ်ဖြင့် ဆောင်ရွက်ခဲ့ရာတွင်(၂၅)ဦး စစ်ဆေးအရေးယူ ခဲ့ရကြောင်း သိရသည်။
စစ်ဆေးအရေးယူရာတွင် နှာခေါင်းစည်း(Mask) တပ်ဆင်မလာသူများအား အိမ်ပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်ရန် ပညာပေးပြောကြား ဆောင်ရွက်ခဲ့ကြောင်း၊ ချီဖွေမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အနေဖြင့် တစ်ပတ်လျှင် နှစ်ကြိမ် နှာခေါင်းစည်း တပ်ဆင်ရေးစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ စစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် ဦးဇောင်းရယ်ထံမှ သိရသည်။
ယိန်းယော(ပြန်/ဆက်)