ရန်ကင်း မေ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန စာကြည့်တိုက်တွင် ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က အခြေခံအင်္ဂလိပ်စာ Grammer (အခမဲ့) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လှလှထွေးက “စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရင်းနှီးမှုရှိစေရန်၊ ကလေးများ ကျောင်းအားလပ်ရက်မှာ စာကြည့်တိုက်ကို အသုံးချတတ်စေရန်နှင့် အင်္ဂလိပ်စာပညာရပ်အား အခြေခံမှစ၍ ကောင်းမွန်စွာလေ့လာနိုင်စေရန်ရည်ရွယ်ပြီး သင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြစ်တယ်” ဟုပြောကြားခဲ့ပြီး သင်တန်းနည်းပြ ဆရာ ဦးမြင့်မောင်က သင်ကြားပေးမည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ တာ၀န်ရှိသူများကလည်း သင်တန်းတက်ရောက်ကြမည့် ကလေးငယ်များအား ချီးမွမ်းအားပေးစကားများ ပြောကြားပေးခဲ့ပြီး သင်တန်းအား ဆက်လက်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံအင်္ဂလိပ်စာ Grammer (အခမဲ့) သင်တန်းကို ၂၆-၅-၂၀၂၅ ရက်နေ့မှ စတင်၍ နေ့လယ်(၁)နာရီမှ (၃) နာရီထိ (၁၄) ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသူ/သင်တန်းသား စုစုပေါင်း(၃၅)ဦးခန့် သင်တန်းတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ရဲလေး (ပြန်/ဆက်)