ရန်ကုန် မေ ၂၇
သန်လျင်ခရိုင် သန်လျင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့မအားလပ်၍ မလာရောက်နိုင်သည့် ဝန်ထမ်းများနှင့် ပြည်သူများ စာပေနှင့် စဉ်ဆက်မပြတ်စေရေး၊ အချိန်မကုန်လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန် ပိုမိုမြှင့်မားလာစေးရေးအတွက် (Mobile Library Bus) ဖြင့် ယနေ့နံနက် (၁၀) နာရီအချိန်က ရေနံရပ်ကွက်၊ ပဲခူးစုရပ်ကွက်များသို့ သုတ/ရသစာအုပ်၊ စာစောင်မျိုးစုံ (၅၀၀) ကျော်ယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။
ထို့သို့ စာအုပ်စာစောင်များငှားရမ်းပေးရာတွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာရရှိမည့် သုတ/ရသ စာအုပ်စာစောင်များ စုံလင်စွာငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သည့်စာအုပ်များကို ရက်သတ္တတစ်ပတ်ပြည့်လျှင် တစ်ကြိမ်လဲလှယ်စနစ်ဖြင့် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးသီဟ
ခရိုင်(ပြန်/ဆက်)